ပလက်ဝခရိုင်ရရှိရေး နိုင်ငံတော်သမ္မတထံသို့ ခူမီးအမျိုးသားပါတီ တောင်းဆို
ဦးကျော်ထွန်း၊ ခူမီးအမျိုးသားပါတီဥက္ကဌ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မြို့နယ်သုံးခုတိုးချဲ့၍ ခရိုင်အဆင့် တိုးမြှင့်ဖွဲ့စည်းပေးရန် ခူမီးအမျိုးသားပါတီ (KNP) မှ နိုင်ငံတော်သမ္မတထံသို့ အချက် (၆) ချက်ပါဝင်သည့် တောင်းဆိုစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်နှင့် မီးဇာမြို့နယ်ဖွဲ့စည်း၍ ပလက်ဝခရိုင်အဖြစ် တိုးမြှင့်ဖွဲ့စည်းပေးရန် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀၁၉ ခုနှစ်ထဲက နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုစာ ပေးပို့ခဲ့သည်။
Unicode Version
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မြို့နယ်သုံးခုတိုးချဲ့၍ ခရိုင်အဆင့် တိုးျမွင့္ဖွဲ့စည်းပေးရန် ခူမီးအမျိုးသားပါတီ (KNP) မှ နိုင်ငံတော်သမ္မတထံသို့ အချက် (၆) ချက်ပါဝင်သည့် တောင်းဆိုစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်နှင့် မီးဇာမြို့နယ်ဖွဲ့စည်း၍ ပလက်ဝခရိ်ုင်အဖြစ် တိုးမြှင့်ဖွဲ့စည်းပေးရန် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀၁၉ ခုနှစ်ထဲက နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုစာ ပေးပို့ခဲ့သည်။
KNP ဥက္ကဌ ဦးကျော်ထွန်းက “သမ္မတဆီကိုတောင်းဆိုစာရောက်ပြီးလို့ ပလက်ဝမြို့နယ် ထွေအုပ်ကို အမှုတွဲလုပ်ခိုုင်းနေတာ။ သမ္မတဆီစာတင်တာက ဇန်နဝါရီလ၊ အမှုတွဲလုပ်ခိုင်းတာဒီလ၊ အမှုတွဲကို ဒီလဟားခါးအရောက်ပို့ခိုင်းတယ်” လို့ CNJ ကိုပြောပါတယ်။
နိုင်ငံတော်သမ္မတထံ ပေးပို့သောစာထဲတွင် “ပလက်ဝမြို့နယ်သည် ပထဝီနေထားအရသီးခြားတည်ရှိနေပြီး ပြည်နယ်အစိုးရ၏ အမေ့လျော့ခံနယ်မြေ၊ အုပ်ချုပ်ရေးအဆင့်အတန်းခွဲခြားမှုများရှိနေပြီး တန်းတူညီမျှမှုအခွင့်အရေး ဆုံးရှုံးနေပါသည်” ဟုထည့်သွင်းဖော်ပြခဲ့ပါတယ်။
ခရိုင်တိုးချဲ့ဖွဲ့စည်းပေးရန် အခက်အခဲရှိပါက လူထုတောင်းဆိုမှုမရှိဘဲ မတူပီခရိုင်ဖွဲ့စည်းခြင်းကို ရုပ်သိမ်း၍ ပလက်ဝခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းပေးရန် KNC က နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုခဲ့ပါတယ်။