အသက်တစ်ချောင်းထက် တစ်သိန်းတန်ဖုန်းကို ပိုတန်ဖိုးထားကြသောဟားခါးပြည်သူများလား





လွန်ခဲ့တဲ့ ၂၀၁၇ အတွင်း ဟားခါးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ မှုခင်းများအနက် ဆိုင်ကယ်မတော်တဆမှု အများဆုံးဖြစ်တယ်လို့ကြားသိရပါတယ်။

Unicode Version

ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါးမြိုလမ်းဆုံဘေး ဆံသဆိုင်ရှေ့မှာ လူတစ်ယောက်ရပ်နေပြီး လမ်းသွားလမ်လာများကို စူစမ်းကြည့်ရှုနေသည်။

သူသည် ရန်ကုန်ချင်းအသင်းတော်တစ်ပါးတွင် ဘုရားအမူတော်ထမ်းဆောင်နေသူ အသင်းအုပ်ဆရာဖြစ်ပြီး အလုပ်ကိစ္စနှင့် ဟားခါးကိုရောက်ရှိနေခိုက် ဆံပင်ညှပ်ဖို့သူ့အလှည့်ကိုဆောင့်ဆိုင်းရင်း လမ်းသွားလာသူများကို စူးစမ်းလေ့လာခြင်းဖြစ်သည်။

“၅ မိနစ်အချိန်တိုတွင်းလေးမှာ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ လူ ၃၂ ယောက်ဖြတ်သန်းသွားလာတာ ကျနော်မြင်ရတယ်။ အဆိုပါ ၃၂ ယောက်ထဲမှာ ယာဉ်ထိန်းရဲနှစ်ယောက်လည်းပါတယ်။ တကယ်တော့ ဆိုင်ကယ်ဦးထုတ်မဆောင်းကြနဲ့လို့ ကျနော်တို့ကို တားမြစ်နေရင်တောင်မှ အသက်ကိုတန်ဖိုးထားပြီးဆောင်းသင့်တဲ့အရာဖြစ်တယ်…” လို့ အဆိုပါ အသင်းအုပ်ဆရာက ပြန်ပြောပါတယ်။

“တစ်သိန်းလောက်တန်ဖိုးရှိတဲ့ ဖုန်းလေးကိုတောင်မှ မကွဲမပျက်အောင် Cover အကောင်းစားတွေနဲ့ ကျနော်တို့ဖုံးပေးနေတယ်။ ဒါပေမယ့် မတော်တဆနဲ့ သွေးလေးတစ်စက်လောက်ဝင်ပြီး အခန့်မသင့်ရင် ဘာနဲမှလဲလို့မရတဲ့ လူ့အသက်ပါဆုံးရှုံးသွားနိုင်တဲ့ ကျနော်တို့ဦးခေါင်းကိုတော့ ဆိုင်ကယ်ဦးထုတ်တောင်မဆောင်းပေးချင်ကြဘူး” လို့ဆက်ပြောပါတယ်။

လြန္ခဲ့တဲ့ ၂၀၁၇ အတွင်း ဟားခါးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ မှုခင်းများအနက် ဆိုင်ကယ်မတော်တဆမှု အများဆုံးဖြစ်တယ်လို့ကြားသိရပါတယ်။