AA ေခၚေဆာင္သြားေသာ ခူမီးခ်င္းတိုုင္းရင္းသား (၅၂) ဦး ျပန္လႊတ္ေပးရန္ေတာင္းဆို

AA hriamtlai nih an hruaimi hna chung ah aa telmi Kangtlang khuami hna

ရကၡိုင့္လက္နက္ကိုင္တပ္ဖြဲ႕ AA မွ ေခၚေဆာင္ျခင္းခံရေသာ ခူမီးခ်င္းတိုုင္းရင္းသား (၅၂) ဦးအား အျမန္ဆုံးျပန္လႊတ္ေပးရန္ ခူမီးခ်င္းမ်ိဳးႏြယ္စုုမ်ားေရးရာ ေပါင္းစပ္ညွိႏိႈင္းေရးေကာင္စီ (KACC) မွေတာင္းဆိုလိုက္ပါတယ္။

ပလက္၀ၿမိဳ႕နယ္၊ ကင္းတလင္း (Kangtlang) ေက်းရြာမွာေနထိုင္ေသာ ခူမီးခ်င္းတိုုင္းရင္းသား (၅၄) ဦးဟာ ျပီးခဲ့တဲ့ ေဖေဖၚ၀ါရီလ (၂) ရက္ေန႔က  ေအေအလက္နက္ကိုုင္အဖြဲ႕မွ ဘဂၤလားေဒ့ရွ္နယ္စပ္ရွိ ၎တိုု႔စခန္းခ်ရာေနရာသိုု႔  ေခၚေဆာင္ျခင္းခံရတယ္လို႔ KACC မွ ဧၿပီလ (၂၈) ရက္စြဲႏွင့္ ထုုတ္ျပန္ေၾကညာ ပါတယ္။

AA တပ္ဖြဲ႕မွ ေခၚေဆာင္ျခင္းခံရေသာ ၅၄ ဦး အနက္ (၂) ဦးမွာ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီး က်န္ရွိသည့္ (၅၂) ဦးသည္ ေအေအအဖြဲ႕စခန္းခ်ရာေနရာတြင္ ဆက္လက္ေနထိုုင္ေနရဆဲျဖစ္ကာ ၎တိုု႔ေစခိုုင္းသည့္အလုုပ္မ်ားကိုု လုုပ္ကိုုင္ေပး ရလွ်က္ရွိေၾကာင္း၊ အစာေရစာမ်ားကိုုလည္း မလံုုမေလာက္သာ စားေသာက္ရေၾကာင္း KACC ထုတ္ျပန္ခ်က္အရသိရသည္။

ယခုုအခါတြင္ ယင္းတိုု႔အား ေခၚယူထားသည္မွာ (၃) လနီးပါးရွိလာၿပီျဖစ္သကဲ့သိုု႔ ၎တိုု႔၏မိသားစုု၀င္မ်ားကလည္း မ်ားစြာစိတ္ပူပင္ေသာကေရာက္လွ်က္ရွိျပီး အျမန္ဆံုုး ျပန္လြတ္ေပးဖို႔ KACC မွ အေလးအနက္ေတာင္းဆိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။

ခ်င္းျပည္နယ္အစိုုးရအပါအ၀င္ ႏိုုင္ငံေရး၊ လူမႈေရးႏွင့္ ဘာသာေရးအဖြဲ႕အစည္းမ်ားကလည္း ယင္းခူမီးခ်င္းတိုုင္းရင္း သား (၅၂) ဦး ျပန္လည္လြတ္ေျမာက္ႏိုုင္ေရးအတြက္ လိုုအပ္သလိုု၀ိုုင္း၀န္းကူညီေဆာင္ရြက္ေပးဖို႔လည္း အဆိုပါထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေရးသားထားပါတယ္။

Unicode Version

ရက္ခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA မှ ခေါ်ဆောင်ခြင်းခံရသော ခူမီးချင်းတိုင်းရင်းသား (၅၂) ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှတောင်းဆိုလိုက်ပါတယ်။

ပလက်ဝမြို့နယ်၊ ကင်းတလင်း (Kangtlang) ကျေးရွာမှာနေထိုင်သော ခူမီးချင်းတိုင်းရင်းသား (၅၄) ဦးဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂) ရက်နေ့က  အေအေလက်နက်ကိုင်အဖွဲ့မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ၎င်းတို့စခန်းချရာနေရာသို့  ခေါ်ဆောင်ခြင်းခံရတယ်လို့ KACC မှ ဧပြီလ (၂၈) ရက်စွဲနှင့် ထုတ်ပြန်ကြေညာ ပါတယ်။

AA တပ်ဖွဲ့မှ ခေါ်ဆောင်ခြင်းခံရသော ၅၄ ဦး အနက် (၂) ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်ရှိသည့် (၅၂) ဦးသည် အေအေအဖွဲ့စခန်းချရာနေရာတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်ကာ ၎င်းတို့စေခိုင်းသည့်အလုပ်များကို လုပ်ကိုင်ပေး ရလျှက်ရှိကြောင်း၊ အစာရေစာများကိုလည်း မလုံမလောက်သာ စားသောက်ရကြောင်း KACC ထုတ်ပြန်ချက်အရသိရသည်။

ယခုအခါတွင် ယင်းတို့အား ခေါ်ယူထားသည်မှာ (၃) လနီးပါးရှိလာပြီဖြစ်သကဲ့သို့ ၎င်းတို့၏မိသားစုဝင်များကလည်း များစွာစိတ်ပူပင်သောကရောက်လျှက်ရှိပြီး အမြန်ဆုံး ပြန်လွတ်ပေးဖို့ KACC မှ အလေးအနက်တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ချင်းပြည်နယ်အစိုးရအပါအဝင် နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေးအဖွဲ့အစည်းများကလည်း ယင်းခူမီးချင်းတိုင်းရင်း သား (၅၂) ဦး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လိုအပ်သလိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့လည်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားပါတယ်။